ရုရှားနိုင်ငံကို နိုင်ငံတော်အဆင့်ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ရုရှားအစိုးရအဖွဲ့ဝန်ကြီးချုပ် မစ္စတာ မီခေးလ်ဗလာဒီမီရိုဗစ်ချ်နဲ့ မတ်လ၄ရက် ဒေသစံတော်ချိန် နေ့လယ်၁၂နာရီက မော်စကိုမြို့ရှိ ရုရှားအစိုးရအဖွဲ့အိမ်တော်မှာ တွေ့ဆုံပါတယ်။

အဲဒီတွေ့ဆုံပွဲကို နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ နစကတွဲဖက်အတွင်းရေးမှူး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏စစ်ဘက်အကြံပေး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ နစကအဖွဲ့ဝင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏စစ်ဘက်အကြံပေး ဗိုလ်ချုပ်ကြီးညိုစော၊ နစကဥက္ကဋ္ဌ၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီးမိုးအောင်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ စစ်ဘက်နယ်ဘက်က အဆင့်မြင့်အရာရှိကြီးတွေ၊ ရုရှားနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းနဲ့ တာဝန်ရှိသူတွေ တက်ရောက်ကြပါတယ်။