ရုရှားနိုင်ငံကို နိုင်ငံတော်အဆင့်ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ မတ်လ၄ရက် ဒေသစံတော်ချိန် မနက်၁၀နာရီကျော်က ရုရှားနိုင်ငံ State Duma လွှတ်တော်ဥက္ကဋ္ဌနဲ့ မော်စကိုမြို့မှာ တွေ့ဆုံပါတယ်။

အဲဒီတွေ့ဆုံပွဲကို နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ နစကတွဲဖက်အတွင်းရေးမှူး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏စစ်ဘက်အကြံပေး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ နစကအဖွဲ့ဝင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏စစ်ဘက်အကြံပေး ဗိုလ်ချုပ်ကြီးညိုစော၊ နစကဥက္ကဋ္ဌ၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီးမိုးအောင်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံမတ်ကြီး ဦးသစ်လင်းအုန်းတို့ တက်ရောက်ပါတယ်။