မြန်မာနိုင်ငံ ငလျင်ဘေးဒဏ်သင့် ဒေသတွေအတွက် တရုတ် အမျိုးသား ရေနံနှင့်သဘာဝဓာတ်ငွေ့ ကော်ပိုရေးရှင်း (CNPC)ဟာ ဧပြီ ၈ ရက်က မြန်မာနိုင်ငံ စွမ်းအင်ဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့အတွက် အမေရိကန်ဒေါ်လာ နှစ်သိန်းတန်ဖိုးရှိ အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းတွေ လာ ရောက်လှူဒါန်းခဲ့ပါတယ်။

လှူဒါန်းရာမှာတော့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက စီးပွားရေးသံမှူုး Mr.Ouyang Daobing က လှူဒါန်းရတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ပါတယ်။CNPC ဟာ မြန်မာနိုင်ငံစွမ်းအင်ဝန်ကြီးဌာနကိုလည်း အမေရိကန်ဒေါ်လာ ငါးသောင်းနဲ့ညီမျှတဲ့ ဆန်နဲ့ဆီတွေ လှူဒါန်းခဲ့သလို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကိုလည်း အမေရိကန်ဒေါ်လာ ငါးသောင်းနဲ့ညီမျှတဲ့ ဆန်နဲ့ဆီ အပြင် ခေါက်ဆွဲခြောက်တွေပါ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအတွက်ကတော့ အမေရိကန်ဒေါ်လာ တစ်သိန်းနဲ့ညီမျှတဲ့ ဆန်အိတ်နဲ့ ဆီဘူး တွေကို ပေးအပ်လှူဒါန်းခဲ့ပါတယ်။လှူဒါန်းခဲ့တဲ့နေရာတွေကနေတစ်ဆင့် အလှူပစ္စည်းတွေကို လိုအပ်နေတဲ့ ငလျင်ဘေးသင့်ပြည်သူတွေဆီကို ပို့ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ အခုလိုလှူဒါန်းမှုတွေအပြင် (CNPC)အနေနဲ့ ငလျင်ကြောင့် ပျက်စီးခဲ့တဲ့ ဒေသတွေ မြန်မြန်ဆန်ဆန် ပုံမှန် နေထိုင်မှုဘဝကို ပြန်လည်ရောက်ရှိစေဖို့အတွက်ကိုလည်း ကူညီဆောင်ရွက် သွားမှာဖြစ်တယ်လို့ သိရပါတယ်။