နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေဟာမြန်မာနိုင်ငံကိုအလုပ်သဘောခရီးစဉ်လာရောက်တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာရစ်ဆတ်ငီယမ်ဖုန်နဲ့ ဖေဖော်ဝါရီ၂၂ရက်က နေပြည်တော်ရှိJasmin Nay Pyi Taw Hotelမှာ တွေ့ဆံုပြီး တရားမဝင်လုပ်ငန်းတွေပူးပေါင်းတိုက်ဖျက်ရေး တိုးမြှင့်ဆောင်ရွက်ဖို ဆွေးနွေးခဲ့တယ်လို နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အဲဒီလိုတွေ့ဆုံရာမှာ မြန်မာနဲ့ထိုင်း ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ အထူးသဖြင့် တရားမဝင်နယ်စပ်ကုန်သွယ်ရေး၊ တရားမဝင်မူးယစ်ဆေးဝါးနဲ့ လက်နက်ရောင်းဝယ်မှု၊ အွန်လိုင်းလိမ်လည်မှု၊ လူကုန်ကူးမှုနဲ့ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှု စတဲ့တရားမဝင်လုပ်ငန်းတွေ တိုက်ဖျက်ရေးမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုမြှင့်တင်ရေး ဆွေးနွေးခဲ့တယ်လို ဆိုပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ကိုယ်စားလှယ်အဖွဲဟာ ဖေဖော်ဝါရီ၂၂ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိင်ကို ဂါရဝပြုသွားရောက်တွေ့ဆုံခဲ့ပြီး ဖေဖော်ဝါရီ၂၁ရက် ညနေပိုင်းကလည်း မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို သွားရောက်ဖူးမြော်ခဲ့တယ်လို သိရပါတယ်။
ဓာတ်ပုံ-MOFA