ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်နဲ့ KK Park နယ်မြေတွေမှာ တရားမဝင် အွန်လိုင်းလိမ်လည်မှုတွေ၊ အွန် လိုင်းလောင်းကစားမှုတွေနဲ့ ဒုစရိုက်မှုလုပ်ငန်းတွေမှာ ဆက်စပ်ပါဝင်ခဲ့ကြတဲ့ တရုတ်နိုင်ငံသား အယောက် ၃၀၀ ကို သက်ဆိုင်ရာနိုင်ငံတွေကို ထမ်မံ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါ တယ်။

လွှဲပြောင်းပေးအပ်မှုကိုတော့ ဖေဖော်ဝါရီ ၂၁ ရက် မနက်ပိုင်းက မြဝတီမြို့၊ မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေး တံတားကတစ်ဆင့် သက်ဆိုင်ရာနိုင်ငံတွေကို လူသားချင်း စာနာထောက်ထားမှုနဲ့ နိုင်ငံအချင်းချင်း ချစ်ကြည် ရင်းနှီးမှုတို့ကို ရှေးရှုပြီး လွှဲပြောင်းပေးအပ်ခဲ့တာပါ။လွှဲပြောင်းပေးအပ်ခဲ့တဲ့ တရုတ်နိုင်ငံသားတွေရဲ့ ဝန်ခံချက်တွေအရ အများစုဟာ အိမ်နီးချင်းနိုင်ငံတချို့ကို တစ်ဆင့် ခံ ဖြတ်သန်းကာ နယ်စပ်ဒေသတွေကနေတစ်ဆင့် မြန်မာနိုင်ငံအတွင်းကို တရားမဝင် ဝင်ရောက်လာတာဖြစ်ပြီး မြဝတီ – KK Park နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်မှုတွေ၊ အွန်လိုင်းလောင်းကစားမှုတွေမှာ ပါဝင်လုပ် ဆောင်ဖို့ စေခိုင်းခံခဲ့ရတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ ဇန်နဝါရီ ၃၀ ရက်ကနေ ဖေဖော်ဝါရီ ၂၀ ရက်အထိ မြန်မာနိုင်ငံအတွင်းကို တရားမဝင် ဝင်ရောက် လာတဲ့ ပြည်ပနိုင်ငံသား ၁၇၆၃ ယောက်ကို စစ်ဆေးဖော်ထုတ်နိုင်ခဲ့ပြီး အမြန်ဆုံး ပြည်နှင်လွှဲပြောင်းနိုင်ရေး ဆက် လက် ဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။အွန်လိုင်းလိမ်လည်မှုတွေပါဝင်ခဲ့တဲ့ တရုတ်နိုင်ငံသားတွေ အပါအဝင် နိုင်ငံခြားသားတွေကို လွှဲပြောင်းပေးခဲ့ရာမှာ လက်ရှိအချိန်ထိ ပြည်ပနိုင်ငံသား အယောက် ၅၀၀ ကျော်ကို သက်ဆိုင်ရာနိုင်ငံတွေဆီ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်ပါတယ်။