Institute For Quality of Life ကနေ ထုတ်ပြန်ခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွက် ကမ္ဘာ့အပျော်ရွှင်ဆုံးမြို အဆင့်သတ်မှတ် ချက်မှာ စင်ကာပူဟာ ကိုပင်ဟေဂင်နဲ့ ဇူးရစ်တိုပြီးနောက် တတိယနေရာမှာ ရပ်တည်နေတယ်လို CNA သတင်း မှာ ဖော်ပြထားပါတယ်။

ဒီအဆင့်သတ်မှတ်ချက်ဟာ မြိုသူမြိုသား၊ အစိုးရ၊ မြိုပတ်ဝန်းကျင်၊ စီးပွားရေး၊ ကျန်းမာရေးနဲ့ သယ်ယူ ပိုဆောင် ရေးစနစ် စတဲ့ အဓိက အကြောင်းအရာ(၆)ခုကို အခြေခံပြီး ရွေးချယ်သတ်မှတ်တာ ဖြစ်တယ်လို သိရပါတယ်။ကျန်းမာရေးနဲ့တီထွင်ဖန်တီးနိုင်မှုတိုက စင်ကာပူမြို အောင်မြင်ရတဲ့ အဓိကအကြောင်းရင်းဖြစ်ပြီး စင်ကာပူရဲ့ တက္ကသိုလ်တွေဟာ ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ် ၅၀ စာရင်းဝင် ဖြစ်ပါတယ်။ စင်ကာပူဟာ နိုင်ငံတကာနဲ့ ဖြန့်ကြက်ဆက်သွယ်နိုင်စွမ်းကို ထိန်းသိမ်းထားနိုင်ပြီး မြိုနေလူထုရဲ့ ၆၃ ရာခိုင်နှုန်းဟာ အနည်းဆုံး နိုင်ငံခြား ဘာသာစကားတစ်မျိုး တတ်ကျွမ်းကာ ၅၅ ရာခိုင်နှုန်းဟာ ဒီဂျစ်တယ်ကျွမ်းကျင်မှုတွေ ပိုင်ဆိုင်ထားတယ်လို သိရပါတယ်။

ကျန်းမာရေးပိုင်းမှာလည်း စင်ကာပူမြိုနေလူထုရဲ့ပျမ်းမျှသက်တမ်းက ၈၃ နှစ်နီးပါးရှိပြီး အဝလွန်နှုန်းကလည်း အလွန်နည်းပါတယ်။ စိတ်ကျန်းမာရေးဝန်ဆောင်မှုတွေကိုလည်း တိုးချဲ့နေပြီး အရွယ်ရောက်သူလူဦးရေရဲ့ ၁၅ ရာခိုင်နှုန်းဟာ စောင့်ရှောက်မှုအောက်မှာ ရှိတယ်လို ဆိုပါတယ်။ စင်ကာပူမှာ ပြစ်မှုဖြစ်ပွားနှုန်း အညွှန်းကိန်းက ၃ ဒသမ ၃၁ နီးပါးသာရှိပြီး စင်ကာပူရဲ့ အများသုံးယာဉ်တွေကို လည်း မသန်စွမ်းသူတွေအတွက် အဆင်ပြေအောင် စီစဉ်ပေးထားသလို ကြပ်မတ်တဲ့မြိုပြစီမံကိန်းတွေကြောင့် ယာဉ်တိုက်မှုနဲ့ အသက်ဆုံးရှုးမှုနှုန်းကလည်း အလွန်ည်းပါးတယ်လို သိရပါတယ်။