ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပပြီးချိန် ပြည်ထောင်စုအဆင့်နဲ့ တိုင်းဒေသကြီး ပြည်နယ် လွှတ်တော်တွေ ခေါ်ယူရာမှာ လွှတ်တော်အထမြောက်စေဖိုအတွက် ဆောင်ရွက်သွားကြရမှာဖြစ်တယ်လို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီမင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။

မေလ ၂၃ ရက်က တြိဂံဒေသတိုင်းစစ်ဌာနချုပ် ၊ ကျိုင်းတုံတပ်နယ်က အရာရှိ ၊ စစ်သည် ၊ မိသားစုတွေကို တိုင်းစစ်ဌာနချူပ် ပြည်ငြိမ်းအေးခန်းမမှာ တွေ့ဆုံအမှာစကားပြောချိန်မှာအခုလိုထည့်သွင်းပြောကြားခဲ့တာပါ။ရွေးကောက်ပွဲကျင်းပနိုင်ဖိုအတွက် အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြဖိုလိုကြောင်း ဆန္ဒမဲပေးတာနဲ့ ပတ်သက်လို ဒေသနဲ့ နိုင်ငံတော်အကျိုးကို အမှန်တကယ်ဖော်ဆောင်ပေးနိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ဖိုလိုတယ်လိုလည်း ဆိုပါတယ်။တပ်မတော်အနေနဲ့လည်း နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေး ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး နဲ့ တည်ငြိမ် အေးချမ်းရေးအတွက် အမာခံအနေနဲ့ ဆောင်ရွက်ပေးရမှာဖြစ်တယ်လိုလည်း ပြောပါတယ်။မိမိတိုအနေနဲ့ ဖွဲစည်းပုံအခြေခံဉပဒေနဲ့အညီ နိုင်ငံတော်ကိုတာဝန်ယူဆောင်ရွက်ခဲ့တာကြောင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေဆောင်ရွက်ပေးရမှာဖြစ်တယ်လိုလည်း ဆိုပါတယ်။

ဒါကြောင့် အမြန်ဆုံးဆောင်ရွက်နိုင်ဖိုအတွက် ကြိုတင်ပြင်ဆင်မှုတွေဆောင်ရွက်နေပြီး သန့်ရှင်းတဲ့ရွေးကောက် ပွဲ ဖြစ်စေဖိုအတွက် ဆန္ဒမဲပေးရာမှာ မဲစာရင်းမှားယွင်းမှု အနည်းဆုံးဖြစ်စေနိုင်တဲ့ Electronic Voting Machine နဲ့ မဲပေးနိုင်ဖို ဆောင်ရွက်နေတယ်လို သိရပါတယ်။ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို လျာထားသတ်မှတ်ပြီး ဖြစ်တဲ့အတွက် အချိန်မီ ကြိုတင်ထုတ်ပြန်ပေးသွားမယ်လိုလည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။