မိမိတို့ အားလုံး ရည်မှန်းထားတဲ့ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးဟာ စိန်ခေါ်မှု များစွာ ရှိနေသေးတာကို တွေ့ရတယ်လို့ ယာယီသမ္မတ(တာဝန်)၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ဇန်နဝါရီ ၃၁ ရက်က ကျင်းပပြုလုပ်တဲ့ အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေး ကောင်စီ အစည်းအဝေးမှာ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က တင်ပြခဲ့တာပါ။အဓိကအနေနဲ့ လွတ်လပ်ပြီး တရားမျှတမှု အပြည့်နဲ့ ကျင်းပနိုင်မယ့် အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်ဖို့ တည် ငြိမ်အေးချမ်းမှု လိုအပ်နေသေးတာကို တွေ့ရတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တင်ပြပါတယ်။အဲဒါကြောင့် လုပ်ဆောင်ဖို့ လိုအပ်ချက်တွေကို အရှိန်အဟုန် မပျက်ဆက်လက်လုပ်ဆောင်နိုင်ဖို့အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့အညီ တာဝန်ထမ်းဆောင်ခွင့်ကို ထပ်မံပြီး ၆ လ သက်တမ်းတိုးမြှင့်ပေးနိုင်ဖို့ တင်ပြတာလို့ ဆိုပါတယ်။

နိုင်ငံတော်ကို ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိစေဖို့အတွက် လုပ်ဆောင်ရမယ့် လုပ်ငန်းအဆင့်ဆင့် ကို တစ်ဆင့်ပြီး တစ်ဆင့် အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်နေတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တင်ပြပါတယ်။ဒါ့အပြင် မြန်မာနိုင်ငံရဲ့ နိုင်ငံ့အရေးကို မြန်မာနိုင်ငံသားတွေကသာ ဆုံးဖြတ်ရမှာ ဖြစ်လို့ နိုင်ငံတကာ ဖိအား နဲ့ အခြား ဖိအားတွေထက် မိမိတို့ နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပြည်တွင်းရေးအခြေအနေတွေ အပေါ်မှာသာ အဓိက ဦး တည်ပြီး အောင်မြင်အောင် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း တင်ပြခဲ့ပါတယ်။