ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပချိန်မှာ ဒေသအလိုက် တည်ငြိမ်အေးချမ်းမှု ရှိဖို လိုအပ်တဲ့အတွက် တပ်မတော်အနေနဲ့ ဇွန်လကုန်ထိ ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို ထပ်မံတိုးမြှင့်လိုက်တယ်လို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက မေ ၃၁ ရက်မှာ ထုတ်ပြန်ပါတယ်။

နိုင်ငံတော်အနေနဲ့ ဖွဲစည်းပုံအခြေခံဥပဒေနဲ့အညီ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲကို အခုနှစ်အတွင်း မဖြစ်မနေ ကျင်းပဆောင်ရွက်ပေးနိုင်ရေး ကြိုတင်ပြင်ဆင်တဲ့လုပ်ငန်းတွေကို ဆောင်ရွက် နေတယ်လို ဆိုပါတယ်။အထွေထွေရွေးကောက်ပွဲ ကျင်းပချိန်မှာ တစ်နိုင်ငံလုံးရှိ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ ပြည်သူတွေ အားလုံး ဆန္ဒမဲ ပေးနိုင်ရေး ဒေသအလိုက် တည်ငြိမ်အေးချမ်းမှု ရှိဖို လိုအပ်တယ်လိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။အဲဒါကြောင့် နိုင်ငံတော်အနေနဲ့ ငလျင်ဒဏ်သင့်ဒေသတွေမှာ ပြန်လည်တည်ဆောက်ရေး နဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ ဆက်လက်ဆောင်ရွက်နိုင်ရေး ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပ နိုင်ရေး နိုင်ငံတော် နဲ့ နိုင်ငံသားအားလုံးရဲ့ အကျိုးစီးပွားကို ပိုမိုလျင်မြန်စွာ ဖော်ဆောင်နိုင်ရေး၊ ရေရှည်တည်တံ့ပြီး စစ် မှန်တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ရေးအတွက် အခုလို ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာလကို တစ်လထပ်မံ တိုးမြှင့် ထုတ်ပြန်လိုက်တာလို သိရပါတယ်။

ယာယီအပစ်ရပ်ထားတဲ့ ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲတွေ နဲ့ အခြားလက်နက်ကိုင်အဖွဲတွေအနေနဲ့ အများပြည်သူဆက်သွယ်ရေးလမ်းကြောင်းတွေကို နှောင့်ယှက်တိုက်ခိုက်တာ ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်ပျက်စီးစေတာ လုံခြုံရေးတပ်စခန်းတွေကို တိုက်ခိုက်တာ အင်အားစုဆောင်းတာ နယ်မြေချဲ့ထွင်တာတွေ လုပ် ဆောင်လာရင်တော့ လိုအပ်တဲ့ အရေးယူတုံပြန်မှုတွေကို ဆောင်ရွက်သွားမယ်လိုလည်း ထုတ်ပြန်ထားပါတယ်။လက်ရှိမှာတော့ တပ်မတော်အနေနဲ့ နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းမှု လိုအပ်တဲ့အတွက် ဧပြီ ၂ ရက်ကစပြီး ဇွန်လ ကုန်ထိ ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာလကို သတ်မှတ်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။