ရခိုင်တိုင်းရင်းသားများပါတီရဲ့ ပါတီတည်ထောင်ခွင့်လျှောက်ထားချက်ကို ခွင့်ပြုလိုက်တယ်လို့ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ဇွန် ၉ ရက်မှာ ထုတ်ပြန်ပါတယ်။နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေတွေနဲ့ ညီညွတ်ကြောင်း စိစစ်တွေ့ရှိတဲ့အတွက် နိုင်ငံရေးပါတီ တည်ထောင်ခွင့်လျှောက်ထားချက်ကို ခွင့်ပြုလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်၊၊

ပါတီတည်ထောင်ခွင့်ရရှိတဲ့ ရခိုင်တိုင်းရင်းသားများပါတီဟာ ခွင့်ပြုချက်ရရှိတဲ့နေ့ကစပြီး ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၇ နဲ့အညီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်လျှောက်ထားရမှာ ဖြစ်တယ်လို့ သိရပါတယ်၊၊ ရွေးကောက်ပွဲကော်မရှင်ကို နိုင်ငံရေးပါတီတည်ထောင်လိုသူတွေအနေနဲ့ ပါတီတည်ထောင်ခွင့် လျှောက်ထားကြ ရာ လက်ရှိအချိန်ထိ ပါတီတည်ထောင်ခွင့်လျှောက်ထားတဲ့ အဖွဲ့ (၂၇)ဖွဲ့ရှိပြီး အဲဒီထဲက (၁၇)ပါတီကို တည် ထောင်ခွင့်ပြုပြီး ဖြစ်ပါတယ်။

တည်ထောင်ခွင့်ပြုတဲ့ ပါတီတွေအနက် ချင်းပြည်သစ်ကွန်ဂရက်ပါတီက ရွေးကောက်ပွဲကော်မရှင်ကို ဇွန်လ ၉ ရက်မှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၇ နဲ့ အညီ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးဖို့ လျှောက် ထားလာတယ်လို့ သိရပါတယ်၊၊ဒါ့အပြင် မှတ်ပုံတင်ခွင့်ပြုဖို့ လျှောက်ထားလာတဲ့ နိုင်ငံရေးပါတီ (၁၆)ပါတီအနက် (၁၄)ပါတီကို မှတ်ပုံတင်ခွင့် ပြုခဲ့ပြီး ကျန်ပါတီတွေကို မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ် ဆောင်ရွက်နေ တယ်လို့ ထုတ်ပြန်ထားပါတယ်။