မြန်မာပြည်သူလူထုလိုလားတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ဆက်လက် ဖော်ဆောင်သွားမှာ ဖြစ်တယ်လို့ နစက သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ရဲ့ ရုရှားနိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီး မီဒီယာတွေရဲ့ မေးမြန်းမှုတွေကို ပြန်လည် ဖြေကြားရာမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံရဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နိုင်ငံတော်ဝန်ကြီးချုပ် ပြောခဲ့သလို ဒီနှစ်ကုန်ပိုင်းမှာ ကျင်းပမှာဖြစ်ပြီး တရုတ်နိုင်ငံအနေနဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ထောက်ခံအားပေးတာ တွေ့ရတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ပါတီစုံဒီမိုကရေစီစနစ် ဖော်ဆောင်နိုင်ဖို့အတွက် နိုင်ငံရေးပါတီတွေအနေနဲ့ ပြည်သူလူထုကို အသိပညာပေးတာ တွေ ဆက်လုပ်ဆောင်သွားရမှာ ဖြစ်သလို ပြည်သူလူထုအနေနဲ့လည်း ရွေးကောက်ပွဲကို ငြိမ်းချမ်းစွာ ကျင်းပနိုင်ဖို့ အတွက် ဝိုင်းဝန်းကူညီပံ့ပိုးပေးကြဖို့လိုအပ်တယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။