မျိုးဆက်သစ်ဝံသာနုပါတီနဲ့ ဇိုမီးအမျိုးသားပါတီတိုဟာ ဧပြီလ ၂၉ ရက်နဲ့ ဧပြီလ ၃၀ ရက်က နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့် လာရောက်လျှောက်ထားတယ်လို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပါတယ်။
နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့်ပြုနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်နေတယ်လိုလည်း ဆိုပါတယ်။

လက်ရှိအချိန်ထိ နိုင်ငံရေးပါတီ တည်ထောင်ခွင့်လျှောက်ထားတဲ့ ပါတီ၂၄ ပါတီရှိပြီး နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်လျှောက်ထားတဲ့ပါတီ ၅၀၊ စုစုပေါင်း ၇၄ ပါတီရှိပြီဖြစ်တယ်လို သိရပါတယ်။ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်နိုင်ဖို နိုင်ငံရေးပါတီ တည်ထောင်ခွင့်တွေကို မေလ၉ရက်နောက်ဆုံးထားပြီး လျှောက်ထားရမယ်လို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်ပါတယ်။