ချင်းပြည်သစ်ကွန်ဂရက်ပါတီဟာ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေတွေနဲ့ ညီညွတ်ကြောင်း စိစစ်တွေ့ရှိရတာကြောင့် မေလ(၂၆)ရက်မှာ နိုင်ငံရေးပါတီတည်ထောင် ခွင့်လျှောက်ထားချက်ကို ခွင့်ပြုလိုက် ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာပါတယ်။

ပါတီတည်ထောင်ခွင့်ရရှိတဲ့ ချင်းပြည်သစ်ကွန်ဂရက်ပါတီဟာ ခွင့်ပြုချက်ရရှိတဲ့နေ့ကစပြီး ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေ ၇ နဲ့အညီ ကော်မရှင်ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးဖို့ လျှောက်ထားရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။နိုင်ငံရေးပါတီ တည်ထောင်လိုသူတွေအနေနဲ့ တည်ထောင်လိုတဲ့ပါတီအမည်ကို ဖော်ပြပြီး ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ကို လျှောက်ထားနေကြရာမှာ မေလ(၂၆)ရက်အထိ ပါတီတည်ထောင်ခွင့် လျှောက်ထား လာတဲ့အဖွဲ့ ၂၇ ဖွဲ့ရှိပြီ ဖြစ်ကာ တည်ထောင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၁၆ ပါတီ ရှိတယ်လို့လည်း ထုတ်ပြန်ချက် အရ သိရပါတယ်။