ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် နိုင်ငံရေး ပါတီများမှတ်ပုံတင် ခြင်းဥပဒေ ပုဒ်မ ၃ အရ နိုင်ငံရေးပါတီတည်ထောင်လိုတဲ့ ချင်းပြည်သစ် ကွန်ဂရက်ပါတီဟာ ဥပဒေ၊ နည်းဥပဒေ တွေနဲ့အညီ နိုင်ငံရေးပါတီ တည်ထောင်ခွင့်လာရောက် လျှောက်ထားတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မတ်လ(၆)ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ မတ်လ(၆)ရက်အထိ လျှောက်ထားလာတဲ့ ပါတီ ၂၀ ရှိပြီဖြစ်တယ်လို့ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့် လျှောက်ထာတဲ့ပါတီ ၅၀ ၊ စုစုပေါင်း ပါတီ ၇၀ ရှိပြီဖြစ်တယ်လို့ထုတ်ပြန်ချက်အရသိရ ပါတယ်။ အခု လျှောက်ထားတဲ့အဖွဲ့ကိုလည်း ပါတီတည်ထောင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်နေတယ်လို့သိရပါတယ်။