ကယားပြည်နယ် ပြည်သူ့ပါတီ(KySPP)ရဲ့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုပေးဖို့ လျှောက်ထားချက်ကို ခွင့်ပြုခဲ့တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖေဖော်ဝါရီ ၂၀ ရက်မှာ ကြေညာချက် ထုတ်ပြန်ပါ တယ်။ ကယားပြည်နယ် ပြည်သူ့ပါတီကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၉ နဲ့အညီ မှတ်ပုံတင် ခွင့်ပြုလိုက်တာဖြစ်ပြီး မှတ်ပုံတင်အမှတ်မှာ ၅၆ ဖြစ်တယ်လို့ ကြေညာချက်အရ သိရပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဇန်နဝါရီ ၂၃ ရက်အထိ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၃ အရ လျှောက်ထားတဲ့ ပါတီ ၁၉ ပါတီရှိပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီ အဖြစ် ဆက်လက်တည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့် လျှောက်ထားတဲ့ ပါတီက ၅၀ ရှိကာ စုစုပေါင်း ပါတီ ၆၉ ပါတီ ရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားလာတဲ့ အဖွဲ့တွေကိုလည်း ပါတီတည်ထောင်ခွင့်ပြုနိုင်ရေး ဆက် လက် စိစစ်ဆောင်ရွက်နေတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။