ကယားပြည်နယ်ပြည်သူ့ပါတီဟာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုပေးဖို့ ဇန်နဝါရီလ ၂၁ ရက်နေ့မှာလျှောက် ထားလာတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာထားပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို မှတ်ပုံတင်ခွင့်ပြုဖို့ လျှောက်ထားလာတဲ့ပါတီတွေကို မှတ်ပုံတင်ခွင့် ပြုနိုင်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်ရှင်ကို ပါတီတည်ထောင်ခွင့်လျှောက်ထားလာတဲ့အဖွဲ့(၁၈) ဖွဲ့ရှိပြီး လျှောက်ထားလာတဲ့အဖွဲ့တွေအနက် နိုင်ငံရေးပါတီ (၁၅)ပါတီကို ပါတီတည်ထောင်ခွင့်ပြုပြီးဖြစ်တယ်လို့ သိရပါတယ်။