လာမဲ့ရွေးကောက်ပွဲအတွက် မီဒီယာလက်စွဲလမ်းညွှန်စာအုပ်ကို အောက်တိုဘာမှာ ထုတ်ဝေသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦးကပြောပါတယ်။

အရင်တုန်းရွေးကောက်ပွဲတွေကလည်း မီဒီယာလက်စွဲစာအုပ်ကိုထုတ်ဝေပေးခဲ့ပြီး အခုလာမဲ့ရွေးကောက်ပွဲက မဲပေးပုံစနစ်တွေ၊ရွေးကောက်ပွဲစနစ်တွေ ပြောင်းလဲတာရှိတဲ့အတွက် ခေတ်နဲ့လျော်ညီအောင်ဆောင်ရွက်နေတယ်လို့ ဒေါက်တာတင်ထွန်းဦးက ပြောပါတယ်။ အခုမီဒီယာလမ်းစွဲစာအုပ်ကိုရေးဆွဲနေဆဲဖြစ်ပြီး ရွေးကောက်ပွဲအတွက် ဥပဒေ၊ နည်းဥပဒေတွေ ပြဋ္ဌာန်းပြီးရင် လိုအပ်တာတွေ ထပ်ဖြည့်မှာဖြစ်တယ်လို့ဆိုပါတယ်။

ရွေးကောက်ပွဲအတွက် မီဒီယာတွေပွင့်လင်းမြင်သာမှုရှိဖို့အတွက်လုပ်ဆောင်ပေးနေတာတွေ့ရတယ်လို့မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဒုဥက္ကဋ္ဌဦးခင်မောင်ကျော်ဒင်ကပြောပါတယ်။ ၂၀၂၅ခုနှစ် အထွေထွေရွေးကောက်ပွဲကို လာမဲ့ဒီဇင်ဘာလနဲ့ ၂၀၂၆ခုနှစ် ဇန်နဝါရီလအတွင်း အသုတ်လိုက် ကျင်းပသွားမယ်လို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားထားပါတယ်။