နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့ပြီး အမည်မည်းစာရင်း(Black Lists)မှာ ပါဝင်နေသူတွေကို ဖြေလျှော့ပေးမယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ဇူလိုင် ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်။
ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတွေ၊ ပြည်ထောင်စုဝန်ကြီးဌာနတွေက နိုင်ငံ့ဝန်ထမ်းတချို့ဟာ အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက်မရရှိဘဲ လုပ်ငန်း ခွင်ကို စွန့်ခွာသွားတဲ့အတွက် သက်ဆိုင်ရာဌာနတွေရဲ့ အမည်မည်း စာရင်း(Black Lists) မှာ ပါဝင်နေတာကြောင့် နိုင်ငံတော်အတွက် လူသားအရင်းအမြစ် ဆုံးရှုံးမှုတွေဖြစ်ပေါ်နေတဲ့အပြင် ကာယကံရှင်တွေရဲ့လူမှုဘဝတွေလည်း နစ်နာမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။
နိုင်ငံတော်အစိုးရအနေနဲ့ အဲဒီနစ်နာမှုတွေကို ကုစားပေးနိုင်ဖို့ အတွက် အဲဒီဝန်ထမ်းတွေကို လုပ်ငန်းခွင်စွန့်ခွာရတဲ့ အကြောင်းခြင်းရာအပေါ်မူတည်ပြီး အမည်မည်းစာရင်း ကနေ ပယ်ဖျက်ဖြေလျှော့ပေးပြီး ဥပဒေဘောင်အတွင်းနေထိုင်သွားလာဖို့ ဆောင်ရွက်ပေးမှာဖြစ်တဲ့အတွက် ဇူလိုင် ၁၅ ရက်ကစပြီး အဲဒီဝန်ထမ်းတွေအနေနဲ့ မိမိတို့တာဝန်ထမ်းဆောင်ခဲ့တဲ့ သက်ဆိုင်ရာဌာနတွေကို ပြန်လည် သတင်းပို့ကြဖို့ ထုတ်ပြန်ထားပါတယ်။