နောင်လာမယ့် ပြည်သူ့စစ်မှုထမ်းသင်တန်းတွေမှာ သတ်မှတ်လျာထားချက်တွေအတိုင်းပြည့်မီအောင် အလေး ထားဆောင်ရွက်ရမယ်လို့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောပါတယ်။ မေလ၂၀ ရက်ကပြုလုပ်တဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ အစည်းအဝေးမှာ အခုလိုပြောကြားလိုက်တာပါ။
အရင်ဖွင့်လှစ်ခဲ့တဲ့ အပတ်စဉ်တွေမှာ လျာထားချက်ပြည့်မီအောင်ဆောင်ရွက်ရာမှာ အခက်အခဲတွေ ဖြစ်ပေါ်ခဲ့ပြီး အစားထိုးဖြည့်တင်းခဲ့ရတာတွေရှိခဲ့တဲ့အတွက် လာမယ့်အပတ်စဉ်တွေမှာ စနစ်တကျစီမံဆောင်ရွက်ဖို့လိုတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ်(၁)နဲ့ အပတ်စဉ်(၂)တို့ကို ဖွင့်လှစ်ခဲ့ပြီး လာမယ့်အပတ်စဉ် (၃)ကို လျာထားချက်ပြည့်မီစွာနဲ့ ဖွင့်လှစ်နိုင်ဖို့အတွက် ကြိုတင်စီမံထားကြဖို့လည်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောကြားခဲ့ တယ်လို့ သိရပါတယ်။