ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၃) သင်တန်းတွေကို ဇွန်လ ၂၅ ရက်က တိုင်းစစ်ဌာနချုပ် အသီးသီးမှာ ဖွင့်လှစ်ခဲ့တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၃)မှာ ပါဝင်တက်ရောက်ကြမယ့် အရည်အချင်းကိုက်ညီသူတွေဟာ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် နယ်မြေတွေရှိ သင်တန်းကျောင်းအသီးသီးကို ရောက်ရှိပြီး လိုအပ်တဲ့ ကြိုတင် ပြင်ဆင်မှုတွေကို ဆောင်ရွက်ခဲ့ပြီးနောက် ဇွန်လ ၂၅ ရက်၊ မနက်ပိုင်းမှာ သင်တန်းကျောင်းအသီးသီးမှာ သင်တန်းဖွင့်ပွဲတွေ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
သင်တန်းကျောင်းတွေကိုတော့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ၊ တိုင်းမှူးတွေနဲ့ တာဝန်ရှိသူတွေက သွားရောက်ပြီး ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၃)က သင်တန်း သားတွေကို တွေ့ဆုံအမှာစကားပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေတွေနဲ့ ထောက်ပံ့ပစ္စည်းတွေ ပေးအပ်ခဲ့ကြ တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။