၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပြင်ဆင်သင်တယ်လို့ယူဆရတဲ့ အဆိုပြုချက်တွေနဲ့ ပတ်သက်ပြီး အမျိုးသားစည်း လုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနဲ့ နိုင်ငံရေးပါတီအစုအဖွဲ့ရဲ့ အလုပ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
တွေ့ဆုံဆွေးနွေးပွဲကိုတော့ ဇွန်လ ၁၉ ရက်က နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာနမှာ ကျင်းပခဲ့တာပါ။
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဘက်က ပြည်ထောင်စု ငြိမ်း ချမ်းရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာဘုံသဘောတူညီချက်တွေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ထဲက ပြင်ဆင် ဖြည့်စွက်သင့်တဲ့ အချက်တွေနဲ့ ပတ်သက်ပြီး ရှင်းလင်းတင်ပြကာ နိုင်ငံရေးပါတီတွေရဲ့ သဘောထားအမြင်တွေကို အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ပါတယ်။
ဆက်လက်ပြီး ဖွဲ့စည်းပုံအခြေခံဥဒေထဲက ပြင်ဆင်ဖြည့်စွက်သင့်တယ်လို့ သုံးသပ်ယူဆရတဲ့ အဆိုပြုချက်တွေ နဲ့ပတ်သက်ပြီး နှစ်ဖက်အဆိုပြုချက်တွေကို အပြန်အလှန်ရှင်းလင်းဆွေးနွေးညှိနှိုင်းကာ တွေ့ဆုံဆွေးနွေးပွဲ ပထမနေ့ကို ရပ်နားခဲ့ပါတယ်။
တွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့ကိုတော့ ဇွန်လ ၂၀ ရက်မှာ ဆက်လက်ကျင်းပ တယ်လို့ သိရပါတယ်။