မြန်မာ-ရုရှား နှစ်နိုင်ငံရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းပြုလုပ်ဖို့ ရုရှားစစ်ရေယာဉ် ၄ စင်းဟာ အောက်တို ဘာ ၂၀ ရက်က ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းကို ရောက်ရှိလာတယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
ရုရှားရေတပ် Russian Pacific Fleet က ကော်ဗက်စစ်ရေယာဉ်တွေဖြစ်တဲ့ စစ်ရေယာဉ် ၄ စင်းဟာ ဒုတိယအကြိမ် မြန်မာ-ရုရှား နှစ်နိုင်ငံရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းဆောင်ရွက်ဖို့နဲ့ ချစ်ကြည်ရေးခရီး လည်ပတ်ဖို့အတွက် ရောက်ရှိလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ရုရှားစစ်ရေယာဉ်တွေမှာ အရာရှိ၊ စစ်သည်တွေ လိုက်ပါလာပြီး ခရီးစဉ်အတွင်း ရန်ကုန်မြို့ရဲ့ အထင်ကရနေရာတွေကို သွားရောက်လေ့လာလည်ပတ်တာ၊ နှစ်နိုင်ငံချစ်ကြည်ရေး အားကစားပြိုင်ပွဲတွေ ပြုလုပ်တာနဲ့ ဆိပ်ကမ်းအခြေပြု လေ့ကျင့်ခန်းတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပထမအကြိမ် မြန်မာ-ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့် ခန်း ဆောင်ရွက်မှုကိုတော့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၇ ရက်ကနေ ၉ ရက်အထိ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်း ရေပြင်မှာ ရေပြင်၊ ဝေဟင်၊ ရေအောက် လေ့ကျင့်ခန်းတွေနဲ့ လက်တွေ့ပစ်ခတ်မှုတွေ ပါဝင်တဲ့ ရေကြောင်း လုံခြုံရေး ပင်လယ်ပြင် လေ့ကျင့်ခန်းတွေနဲ့ ပြုလုပ်ခဲ့ပါတယ်။