နိုင်ငံရေးမှာရိုးသားမှုမရှိရင် မရိုးသားမှုရဲ့ အကျိုးဆက်ကို ပြန်လည်ခံစားရမှာဖြစ်ကြောင်းကို မိမိတို့နိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့ ဖြစ်စဉ်တွေအပြင် နိုင်ငံတကာဖြစ်စဉ်တွေမှာလည်း မြင်တွေ့ရမှာဖြစ်တယ်လို့ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။
အောက်တိုဘာ ၈ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ကုန်းမြင့်သာရှိအစည်းအဝေးခန်းမမှာကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေးမှာပြောကြားခဲ့တာပါ။
မိမိတို့အနေနဲ့ နိုင်ငံတော်တာဝန်တွေကို စတင်ထမ်းဆောင်ခဲ့ရစဉ်ကတည်းကပင် ရှေ့လုပ်ငန်းစဉ်တွေကိုချမှတ်ဆောင်ရွက်ခဲ့ပြီးအန္နိမရည်မှန်းချက်အနေနဲ့ ရွေးကောက်ပွဲပြန်လည်ကျင်းပပြီး အနိုင်ရတဲ့အစိုးရကို နိုင်ငံတော်ရဲ့အာဏာတွေပြန်လည်အပ်နှင်းသွားမယ်လို့ အတိအလင်းပြောဆိုခဲ့ပြီးဖြစ်တယ်လို့ဆိုပါတယ်။
အဲဒီ ရည်မှန်းချက်အောင်မြင်စေရေး မိမိတို့အနေနဲ့ တစ်စိုက်မတ်မတ်အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။