အခု၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ ကျန်းမာရေးသုတေသနရန်ပုံငွေအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ နှီးနွှယ် ဝန်ကြီးဌာနတွေက သုတေသနစီမံချက် ၂၀၁ ခုအတွက် ကျပ် ၁ ဘီလီယံကျော်ခွင့်ပြုပေးထားတယ်လို့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
ဇန်နဝါရီ ၂၂ ရက်မှာ ပြုလုပ်တဲ့ (၅၂)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံဖွင့်ပွဲမှာ ပြောကြားတဲ့ ဗီဒီယိုမိန့်ခွန်းထဲမှာ အခုလို ပြောကြားထားတာပါ။ ကူးစက်ရောဂါတွေဖြစ်တဲ့ ကိုဗစ်ရောဂါ၊ ဆေးယဉ်ပါးတီဘီရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါ တွေကို စဉ်ဆက်မပြတ်စောင့်ကြည့်ပြီး သုတေသနပြုလုပ်ဖို့လိုတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
ညီလာခံပထမနေ့မှာတော့ ဆေးယဉ်ပါးတီဘီအတွက် သုတေသနတွေ့ရှိချက်တွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံက သုတေသနပညာရှင်တွေ ပါဝင်ဆွေးနွေးတဲ့ ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲကိုလည်း ထည့်သွင်းကျင်းပခဲ့တယ်လို့ သိရပါတယ်။ ဒီညီလာခံကို ဇန်နဝါရီ ၂၂ ရက်ကနေ ၂၆ ရက်အထိ ကျင်းပနေတာဖြ စ်တယ်လို့လည်း သိရပါတယ်။