၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းရဲ့ ရှေ့ပြေးလူဦးရေစာရင်းကို ဒီဇင်ဘာလ (၃၁) ရက်မှာ ထုတ်ပြန်သွားမယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

လူဦး ရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမှုကိုတော့ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်က စတင်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စာရင်းစစ်၊ စာရင်းကောက် ၄၂၀၀၀ လောက်က ကောက်ယူခဲ့တာ ဖြစ်ပါ တယ်။

သန်းခေါင်စာရင်းကောက်ယူရာမှာ စာရင်းကောက်တွေက တာဝန်ကျရာ စာရင်းကောက်ကွက်တွေမှာ တစ်အိမ် တက်ဆင်း အိမ်တိုင်ရာရောက် Mobile Tablet နဲ့ ကွန်ပျူတာအထောက်အကူပြု လူတစ်ယောက်ချင်း ကောက်ယူ တဲ့ CAPI (ကပ်ပီ)စနစ်နဲ့ စာရင်းကောက်ယူခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အချက်အလက်တွေကို ရယူလိုရင်လည်း ပြည်သူ့ အင်အားဦးစီးဌာနရဲ့ ဝက်ဘ်ဆိုက်စာမျက်နှာ www.dop.gov.mm မှာ ရယူနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။