ဦးရွှေကြိမ်းနဲ့ ဦးရန်ကျော်တို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ရဲ့ အဖွဲ့ဝင်တွေအဖြစ် ခန့်အပ်တာဝန်ပေးလိုက်တယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဇန်နဝါရီ၃၁ရက် ရက်စွဲနဲ့ အမိန့်ထုတ်ပြန်ပါတယ်။

နစကအဖွဲ့ဝင်ဟောင်းတွေဖြစ်တဲ့ ဦးရွှေကြိမ်းနဲ့ ဦးရန်ကျော်တို့ဟာ ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှာ ပြန်လည်ပါဝင်လာခြင်းမရှိဘဲ အခုလို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ရဲ့ အဖွဲ့ဝင်တွေအဖြစ် ခန့်အပ်တာဝန်ပေးအပ်ခံရတာဖြစ်ပါတယ်။နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ၁၆ဦးနဲ့ပြင်ဆင်ဖွဲ့စည်းလိုက်တယ်လို့ ဇန်နဝါရီ၃၁ရက် ရက်စွဲနဲ့ အမိန့်ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။