မြန်မာနိုင်ငံက နယ်စပ်ဒေသတွေဖြစ်တဲ့ ကိုးကန့်ဒေသ၊ မိုင်းပေါက်ဒေသ၊ လောက်ကိုင်ဒေသ၊ တာချီလိတ်ဒေသ၊ မူဆယ်ဒေသ၊ မြဝတီရွှေကုက္ကိုလ် KK Park ဒေသတွေကနေ ဇူလိုင် ၈ ရက်အထိ အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်) လုပ်ငန်းတွေ လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသား ၅၁၈၅၁ ယောက်၊ ဗီယက်နမ်နိုင်ငံသား ၁၁၄၃ ယောက်၊ ထိုင်းနိုင်ငံ သား ၆၄၀ အပါအဝင် ၂၁၅၀ ယောက်တို့ကို ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာနိုင်ငံတွေကို ပြန်လည်လွှဲပြောင်းပြီး ဖြစ်တယ်လို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။
အွန်လိုင်းလိမ်လည်မှုတွေဟာ ဟိုတယ်တွေ၊ လျှို့ဝှက်နေရာတွေမှာ ပုန်းလျှိုးကွယ်လျှိုး ဆောင်ရွက်ကြတာဖြစ်လို့ နိုင်ငံတော်အစိုးရအနေနဲ့ သိရှိခဲ့ခြင်း မရှိဘူးလို့ဆိုပါတယ်။

ဒ့ါအပြင် ဒီလိမ်လည်မှုတွေကိုလည်း တရုတ်နိုင်ငံက တိမ်းရှောင်လာတဲ့ ရာဇဝတ်သားတွေက လုပ်ကိုင်ခဲ့တာဖြစ် သလို လိမ်လည်ခံရသူအများစုကလည်း တရုတ်နိုင်ငံသားတွေ ဖြစ်တာကြောင့် မြန်မာနိုင်ငံက အများစုက သိရှိ ခဲ့ခြင်း မရှိဘူးလို့ ပြောပါတယ်။
မြန်မာအစိုးရအနေနဲ့ ကျားဖြန့်ကိစ္စကို သိရှိတာနဲ့တစ်ပြိုင်နက် တရုတ်နိုင်ငံနဲ့တက်ကြွစွာပူးပေါင်းပြီး နှိမ်နင်း ဆောင်ရွက်ခဲ့တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။