အမျိုးသမီးပြည်သူ့စစ်မှုထမ်းတွေကို ဆင့်ခေါ်ဖို့အစီအစဉ်မရှိသေးဘူးလို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
“ကျွန်တော့်အနေနဲ့ အတိအလင်းပြောလိုတာကတော့ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေမှာ အမျိုးသမီးများစစ်မှုထမ်းရန်အတွက် အကျုံးဝင်သော်လည်း အမျိုးသမီးပြည်သူ့စစ်မှုထမ်းများကိုဆင့်ခေါ်ရန် အစီအစဉ်မရှိသေးဘူးလို့ ကျွန်တော့်အနေနဲ့ ပြောကြားလိုပါတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ပြည်သူ့စစ်မှုထမ်းကိစ္စနဲ့ပတ်သက်ပြီး အမျိုးသမီးတွေကို ခြိမ်းခြောက်နေတာမျိုးတွေကိုလည်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စပ်ရပ်တွေနဲ့ပတ်သက်လို့ မသမာမှုတွေကို သတင်းပေးတိုင်ကြားတာတွေရှိပြီး စုံစမ်းမေးမြန်းတာ၊ အရေးယူတာတွေ ဆောင်ရွက်ခဲ့ပြီးဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။အမျိုးသားပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်၁ကို ၂၀၂၄ခုနှစ် ဧပြီလက စတင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိမှာ သင်တန်းအမှတ်၉အထိ ဖွင့်လှစ်ပြီးဖြစ်ပါတယ်။