နိုင်ငံတစ်ဝန်းစစ်မှုထမ်းဖို့အကျုံးဝင်တဲ့ အမျိုးသမီးတွေစာရင်းကို ကောက်ယူတာမရှိသေးဘူးလို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။ အမျိုးသမီးတွေ စစ်မှုထမ်းဆောင်တာနဲ့ပတ်သက်ပြီး နိုင်ငံတော်နဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ကနေဘယ်ထုတ်ပြန်ကြေညာချက်မှထုတ်ပြန်ကြေညာထားတာမရှိသေးဘူးလို့ဆိုပါတယ်။
လက်ရှိမှာတော့ သတ်မှတ်ထားတဲ့စစ်မှုထမ်းအင်အားက အမျိုးသားတွေနဲ့ ပြည့်မီနေတဲ့အတွက် အမျိုးသမီးတွေကို စစ်သင်တန်းနဲ့ စစ်မှုထမ်းခေါ်ဖို့ မရှိသေးဘူးလို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီသတင်းဌာနကို ပြောကြားချက်အရသိရပါတယ်။
ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁)ကို ၂၀၂၄ ခုနှစ် ဧပြီ ၈ ရက်က စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ရာ အခုအခါ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၄)ကို ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါတယ်။