အမေရိကန်ပြည်ထောင်စု အနောက်ပိုင်း ကမ်းရိုးတန်းဒေသကို ဗုံးဆိုင်ကလုန်းလို့တင်စားတဲ့ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်နေတာမှာ မုန်တိုင်းဖြစ်စဉ်အတွင်း လူ(၂)ယောက် သေဆုံးထားပါတယ်။ မုန်တိုင်းကြောင့် လမ်းပန်း ဆက်သွယ်ရေးအခက်အခဲဖြစ်နေပြီး လူ ငါးသိန်းလောက်ဟာ လျှပ်စစ်ဓာတ်အားမရဘဲ ရှိနေတယ်လို့ ဘီဘီစီမှာ ဗုဒ္ဓဟူးနေ့က ဖော်ပြထားပါတယ်။

မုန်တိုင်းကြောင့် တစ်နာရီ လေတိုက်နှုန်းမိုင် (၉၀) ရှိနေပြီး လေပြင်းကြောင့် သစ်ပင်တွေ လဲတာ၊ ဓာတ်အား ပြတ်တောက်တာတွေ ဖြစ်ပေါ်နေပါတယ်။ အော်ရီဂွန်း၊ ဝါရှင်တန်နဲ့ မြောက်ကာရိုလိုင်းနား စတဲ့ နေရာတွေမှာ မိုးရေချိန် (၃)လက်မ ရွာသွန်းခဲ့ပါတယ်။ ဗုံးဆိုင်ကလုန်းဆိုတာက (၂၄)နာရီအတွင်း အလျင်အမြန် အားကောင်း လာတဲ့ မုန်တိုင်းမျိုးကို ပြောတာဖြစ်ပါတယ်။
ဒီလို ဗုံးဆိုင်ကလုန်းမျိုးဟာ ဝင်ရိုးစွန်းဒေသက လေထုအစိုင်အခဲတွေဟာ အပူပိုင်းဒေသ လေပူတွေနဲ့ တွေ့ဆုံရာ ကနေ ဖြစ်လာတတ်တဲ့ ရာသီဥတုဖြစ်စဉ်မျိုးဖြစ်ပြီး မိုးလေဝသပညာရှင်တွေက ဘွန်ဘိုဂျဲနီးဆစ်လို့ ခေါ်ဆိုကြ ပါတယ်။