နိုင်ငံ့ဝန်ထမ်းတွေအပါအဝင် အငြိမ်းစားဝန်ထမ်းတွေရဲ့ စား၊ဝတ်၊နေ၊ရေးအတွက် နိုင်ငံတော်က တတ်နိုင် သလောက် စီမံဆောင်ရွက်ပေးဖို့ စီစဉ်နေတယ်လို့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
ဇူလိုင် ၅ ရက်က ပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခုလိုပြောကြားလိုက်တာပါ။

နိုင်ငံ့ဝန်ထမ်းတွေရဲ့ သက်သာချောင်ချိရေး အတွက် နိုင်ငံတော်က စီမံဆောင်ရွက်ပေးနေသလို နိုင်ငံ့ဝန်ထမ်းတွေ ခန့်အပ်ရာမှာလည်း လိုအပ်တဲ့နေရာ တွေမှာသာ စိစစ်ခန့်အပ်စေလိုတယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။