သတင်းမီဒီယာကဏ္ဍကို နိုင်ငံရဲ့စတုတ္ထမဏ္ဍိုင်အဖြစ် အလေးအနက်ထားတယ်လို့ နစကဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

ဒီဇင်ဘာ ၁၀ ရက်က ကျင်းပတဲ့ သတင်းမီဒီယာ ကောင်စီဝင်များ ကတိသစ္စာပြုခြင်းအခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခုလို ပြောကြားလိုက် တာပါ။ သတင်းမီဒီယာကောင်စီရဲ့ အခန်းကဏ္ဍကို အလေးထားသလို သတင်းမီဒီယာလောက ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် အမြဲတမ်း စိတ်အားထက်ထက်သန်သန် ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီမိုကရေစီ လူ့အဖွဲ့အစည်းတစ်ရပ်မှာ ဥပဒေအရ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုနိုင်ခွင့်ရှိရမှာဖြစ်သလို ကောင်းမွန် တဲ့ အုပ်ချုပ်မှုစနစ်နဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေလည်း မရှိမဖြစ် လိုအပ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသွားခဲ့ပါတယ်။