လူမှုစီးပွားမြှင့်တင်ရေးပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ပြီလို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နိုဝင်ဘာ ၁၈ ရက်က ကြေညာပါတယ်။ လူမှုစီးပွားမြှင့်တင်ရေးပါတီဟာ ပြီးခဲ့တဲ့ဇွန်လ ၂၀ ရက်က နိုင်ငံရေးပါတီအဖြစ်တည်ထောင်ခွင့် လာရောက်လျှောက်ထားတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့ပြီးနောက် အခုနိုဝင်ဘာ ၁၈ ရက်မှာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်တွေအရသိရပါတယ်၊၊ လူမှုစီးပွားမြှင့်တင်ရေးပါတီရဲ့ မှတ်ပုံတင်အမှတ်က (၅၄)ဖြစ်ပြီး နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ်အရ မှတ်ပုံတင်ခွင့်ပြုထားတဲ့ နိုင်ငံရေးပါတီအရေအတွက်က (၅၄)ပါတီရှိ ပြီဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။
အင်းလေးဖောင်တော်ဦး ပွဲတော်အမီ ပြုပြင်မှုများ လုပ်ဆောင်နေ
မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးတာတွေရှိခဲ့တဲ့ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားကြီးရဲ့ ရင်ပြင် တော်ကုန်းမြေနဲ့ ပင်မစံကျောင်းတော်ကြီးကို လာမယ့်သီတင်းကျွတ် ဖောင်တော်ဦးဘုရားပွဲတော်ကာလအမီ ပြုပြင်မွမ်းမံတဲ့လုပ်ငန်းတွေ ပြီးစီးအောင်...
ပိုမိုဖတ်ရှုရန်