လူမှုစီးပွားမြှင့်တင်ရေးပါတီက နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ခွင့်ပြုပေးဖို့ စက်တင်ဘာ ၁၁ ရက်က လျှောက်ထားလာတယ်လို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ကြေညာထားပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို မှတ်ပုံတင်ခွင့်ပြုဖို့ လျှောက်ထားလာတဲ့ပါတီတွေကို မှတ်ပုံတင်ခွင့်ပြုနိုင်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။
လက်ရှိအချိန်ထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပါတီတည်ထောင်ခွင့်လျှောက်ထားလာတဲ့အဖွဲ့ (၁၇)ဖွဲ့ရှိပြီး လျှောက်ထားလာတဲ့အဖွဲ့တွေအနက် နိုင်ငံရေးပါတီ(၁၄)ပါတီကို ပါတီတည်ထောင်ခွင့်ပြုခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။
နိုင်ငံရေးပါတီတည်ထောင်ခွင့်ပြုပြီးဖြစ်တဲ့ ပါတီ(၁၄)ပါတီအနက် (၁၁)ပါတီကိုမှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။