လုံခြုံရေးပိုင်းနဲ့ပတ်သက်ပြီး လုပ်သင့်လုပ်ထိုက်တာတွေကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမယ်လို့ ယာယီသမ္မတ(တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောပါတယ်။
ဇူလိုင် ၃၁ ရက်က ကျင်းပတဲ့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခုလိုပြောကြားလိုက်တာပါ။
ရွေးကောက်ပွဲကို ဒေသအလိုက် လုံခြုံရေးအခြေအနေပေါ် မူတည်ပြီး ကျင်းပနိုင်တဲ့နယ်မြေတွေကို ဦးစွာကျင်းပပေးမှာဖြစ်ပြီး လတ်တလော လုံခြုံရေးအခြေအနေအရ ကျင်းပနိုင်ခြင်းမရှိသေးတဲ့ နယ်မြေတွေကိုလည်း လုံခြုံရေးကောင်းမွန်အောင် တိုးမြှင့်ဆောင်ရွက်ပြီး ဆက်လက်ကျင်းပနိုင်အောင် ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။
ဒါ့အပြင် လားရှိုး၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်ဒေသတွေ တည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။