စည်းစနစ်ကျနတဲ့၊ တရားမျှတပြီးသိက္ခာရှိတဲ့ အထွေထွေရွေးကောက်ပွဲဖြစ်စေရေးနဲ့ ရွေးကောက်ပွဲကထွက်ပေါ်လာတဲ့အစိုးရကို နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမယ်လို့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကတိပြုပြောကြားလိုက်ပါတယ်။

၂၀၂၅ခုနှစ် ဇန်နဝါရီ၄ရက်မှာကျရောက်တဲ့ ၇၇နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ အခုလိုဖော်ပြထားတာပါ။နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ အန္တိမရည်မှန်းချက်က လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကျင်းပရေးဖြစ်တယ်လို့ ဆိုပါတယ်။
တရားမျှတဲ့၊ သိက္ခာရှိတဲ့၊ နည်းလမ်းကျနမှန်ကန်မှုရှိတဲ့ အထွေထွေရွေးကောက်ပွဲကြီး ပြန်လည်ကျင်းပနိုင်ရေးအတွက် ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်ကြဖို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းထားပါတယ်။