နိုင်ငံတော်က အကောင်အထည်ဖော်ဆောင်ရွက်တဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေ အကောင်အထည်ဖော်ရာမှာ ကန့်ကွက်မှုတွေလည်း ရှိတယ်လို့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြော ပါတယ်။
ဇန်နဝါရီ ၁၀ ရက်က မိတ္ထီလာခရိုင် ဌာနဆိုင်ရာတွေ၊ MSMEလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံရာမှာ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က အခုလို ပြောကြားလိုက်တာပါ။ အဲဒါကြောင့် အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်လို့ရတဲ့ ဆိုလာစနစ်ကို အားပေးဆောင်ရွက်နေတာဖြစ်ပြီး လုပ်ငန်းရှင်တွေအနေနဲ့လည်း တစ်နိုင် တစ်ပိုင် ဝိုင်းဝန်းဆောင်ရွက်ကြဖို့ လိုတယ်လို့ ဆိုပါတယ်။
မိတ္ထီလာဟာ မိုးနည်းတဲ့ဒေသဖြစ်တဲ့အတွက် နေရောင်ခြည်စွမ်းအင်နဲ့ လျှပ်စစ်ဓာတ်အားထုတ်ယူသုံးစွဲမှုကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်မယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။