အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေ အလို့ဌာ ယာယီသမ္မတ တာဝန်ဝတ္တရားတွေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ လွှဲပြောင်းထားတယ်လို့ နိုင်ငံပိုင်သတင်းဌာနကနေ ဇူလိုင် ၂၂ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
ယာယီသမ္မတ ဦးမြင့်ဆွေဟာ လက်ရှိကျန်းမာရေးအခြေအနေအရ ဆေးခွင့်ယူပြီး ဆေးကုသမှု ခံယူနေရကြောင်း သတင်းထုတ်ပြန်ထားရှိပြီး ဖြစ်ပါတယ်။
ကျန်းမာရေးအခြေအနေအရ အမျိုးသားကာကွယ်ရေး နဲ့ လုံခြုံရေးကောင်စီဆိုင်ရာ ကိစ္စရပ်တွေကို လိုအပ်သလို ဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက် ယာယီသမ္မတ ဦးမြင့်ဆွေ ဆေးခွင့်ယူပြီး တာဝန်ဝတ္တရားတွေ ဆောင်ရွက်ဖို့ ပျက်ကွက်နေစဉ် နဲ့ ယာယီသမ္မတ တာဝန်လစ်ဟင်းနေစဉ် ကာလတို့မှာ ယာယီသမ္မတ တာဝန်တတ္တရားတွေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌထံ လွှဲအပ်ဆောင်ရွက်စေမှာ ဖြစ်တယ်လို့ ယာယီသမ္မတရုံးမှ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီရုံးကို အကြောင်းကြားစာ ပေးပို့လာခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အကြောင်းကြားစာပေးပို့ပြီးနောက် ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၂ ရက် မနက် ၁၁ နာရီခွဲအချိန်ကစပြီး အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံကောင်စီဆိုင်ရာ ကိစ္စရပ်တွေ အလို့ဌာ ယာယီသမ္မတတာဝန်ဝတ္တရားတွေကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌထံ လွှဲပြောင်းအပ်နှံခြင်းကို လက်မှတ်ရေးထိုးဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
#Update