မွန်ညီညွတ်ရေးပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ပြီဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာလ ၉ ရက်နေ့ကကြေညာပါတယ်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၉ နဲ့အညီ မွန်ညီညွတ်ရေးပါတီကို မှတ်ပုံတင်ခွင့်ပြုလိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
မွန်ညီညွတ်ရေးပါတီရဲ့ မှတ်ပုံတင်အမှတ်က ၅၂ ဖြစ်ပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအသစ်အရ မှတ်ပုံတင်ခွင့်ပြုထားတဲ့ နိုင်ငံရေးပါတီအရေအတွက်က (၅၂)ပါတီရှိပြီဖြစ်တယ်လို့လည်းသိရပါတယ်။
အဲဒါကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တည်ထောင်ခွင့်ပြုခဲ့ပြီး မှတ်ပုံတင်ခွင့်လျှောက်ထားရမယ့် နိုင်ငံရေးပါတီ ၂ ပါတီ နဲ့ မှတ်ပုံတင်ခွင့် စိစစ်ဆဲနိုင်ငံရေးပါတီ ၂ ပါတီသာကျန်တော့ပြီး ကျင်းပမယ့်အထွေထွေ ရွေးကောက်ပွဲအမီ စိစစ်မှတ်ပုံတင်ခွင့်ပြုနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်းသိရပါတယ်။