မြေအသုံးချမှုတွေကို စနစ်တကျဖြစ်စဖို့အတွက် တာဝန်ရှိသူတွေက ကြပ်မတ်ဆောင်ရွက်သွားဖို့လိုတယ်လို့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။ဇန်နဝါရီ၁၁ရက်က ပြင်ဦးလွင်မြို့နယ်မှာရှိတဲ့ MSMEလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံရာမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခုလိုပြောကြားလိုက်တာပါ။

တချို့စိုက်ပျိုးမြေရယူထားသူတွေအနေနဲ့ စိုက်ပျိုးမြေတွေပေါ်မှာ သတ်မှတ်ချက်ထက်ကျော်လွန်တဲ့ အိမ်ရာတွေဆောက်လုပ်တာ၊ အဆောက်အဦဆောက်လုပ်ဖို့အတွက် ခြံကွက်တွေလုပ်ထားတာကို တွေ့ရတယ်လို့ ဆိုပါတယ်။စိုက်ပျိုးမြေတွေပေါ်မှာ စိုက်ပျိုးရေးနဲ့မသက်ဆိုင်တဲ့လုပ်ငန်းတွေ ဆောင်ရွက်ခြင်းမပြုဖို့လိုပြီး စိုက်ပျိုးရေးလုပ်ငန်းတွေကိုပဲ အောင်မြင်အောင် ဆောင်ရွက်ကြဖို့လိုတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။