အီရန်နိုင်ငံကို ရောက်ရှိနေတဲ့ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဟာ ဇွန်လ၂၃ ရက်က အီရန်နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံပြီး မြန်မာ-အီရန် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနဲ့ ဆက်ဆံရေးပိုမိုတိုးတက်ခိုင်မာစေရေး ဆွေးနွေးခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနကနေ သိရပါတယ်။
အဲဒီလိုတွေ့ဆုံရာမှာ အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးရေးအဖွဲ့(အေစီဒီ)အတွင်း ပူးပေါင်းဆောင် ရွက်မှုတွေအပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာမျက်နှာစာမှာ ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေတဲ့ အခြေအနေတွေကိုလည်း ရှင်းလင်းပြောကြား ခဲ့တယ်လို့ သိရပါတယ်။

