မြန်မာနဲ့အိန္ဒိယ တပ်မတော်တို့ ပူးပေါင်းဖွင့်လှစ်တဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာသင်တန်း (UN Peacekeeping Officer Course) ဖွင့်ပွဲကို ဇူလိုင် ၂၁ ရက်က နေပြည်တော်ရှိ Park Royal ဟိုတယ်မှာ ကျင်းပခဲ့ ပါတယ်။

သင်တန်းဖွင့်ပွဲမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး အဘ်ဟေး တာကူးရ်တို့က သင်တန်း သားတွေကို အမှာစကား ပြောကြားပါတယ်။

သင်တန်းမှာတော့ တင်းမာမှု လျှော့ချရေး၊ ပဋိပက္ခ စီမံခန့်ခွဲရေး ၊ အရပ်သားတွေ ကာကွယ်ရေး၊ ကလေးသူငယ် တွေ ကာကွယ်ရေး၊ စစ်ဘက်-အရပ်ဘက် ပူးပေါင်းဆောင်ရွက်မှု၊ ကင်းလှည့်တာ၊ ယာဉ်တန်း လုံခြုံရေး ဆောင် ရွက်တာ၊ တပ်ခွဲ အခြေချစခန်း တည်ဆောက်တာ စတဲ့ ဘာသာရပ်တွေကို စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြား ပေးသွားမှာ ဖြစ်ပါတယ်။

အခုဖွင့်လှစ်တဲ့သင်တန်းဟာ(၈)ကြိမ်မြောက် ဖွင့်လှစ်တာဖြစ်ပြီး ဇူလိုင် ၂၁ ရက်ကစပြီး ဩဂုတ် ၁ ရက်အထိ သင်ကြားပေးမှာဖြစ်ပါတယ်။ အခုသင်တန်းကိုတော့ အရာရှိ အယောက် ၃၀ တက်ရောက်နေကြပြီး ၂၀၁၆ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အတွင်း အရာရှိ အယောက် ၁၃၀ နဲ့ စစ်သည် ၈၄ ယောက် တက်ရောက်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။