မြန်မာ-နီပေါ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနဲ့ပူးပေါင်းဆောင်ရွက်မှုတွေကို အခုထက်ပိုပြီး တိုးမြှင့်ဆောင်ရွက် သွားမယ်လို့ နစကဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နီပေါနိုင်ငံဝန်ကြီးချုပ် Rt. Hon. Mr. K P Sharma Oli နဲ့တွေ့ဆုံချိန်မှာ ပြောကြားခဲ့ပါတယ်၊၊

တွေ့ဆုံချိန်မှာ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်ရှိ မိမိတို့နိုင်ငံမှာ ပြင်းထန်ငလျင်လှုပ်ခတ်မှုတွေကြောင့် ထိခိုက်ပျက်စီးမှုတွေအပေါ် နီပေါနိုင်ငံအနေနဲ့ ကူညီဆောင်ရွက်ပေးမှုတွေ အတွက် များစွာကျေးဇူးတင်ပြီး မိမိတို့နှစ်နိုင်ငံဟာ ရှေးအရင်ကတည်းက ချစ်ကြည်ရင်းနှီးတဲ့ နိုင်ငံတွေဖြစ်ပြီး နှစ်နိုင်ငံ အလှမ်းကွာဝေးသော်လည်း ချစ်ကြည်ရင်းနှီးမှုရှိတဲ့ နိုင်ငံတွေဖြစ်တဲ့အတွက် နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်မှုတွေကို အရင်ကထက် ပိုမိုတိုးမြှင့်ဆောင်ရွက်သွားလိုတယ်လို့ ပြောကြားခဲ့ပါတယ်၊၊

မြန်မာ-နီပေါ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနဲ့ပူးပေါင်ဆောင်ရွက်မှုတွေ မြှင့်တင်ဆောင်ရွက်သွားမယ့် အခြေ အနေတွေ၊ ကုန်သွယ်ရေးကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ခရီးသွားကဏ္ဍနဲ့ အခြားကဏ္ဍပေါင်းစုံမှာ ပူးပေါင်းဆောင် ရွက်မှုတွေ မြှင့်တင်ဆောင်ရွက်သွားမယ့်အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီအပြင် မြန်မာနိုင်ငံမှာ အခုနှစ် ဒီဇင်ဘာလအတွင်း လွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက် ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေတွေ၊ နိုင်ငံတကာမျက်နှာစာတွင်မှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ကောင်းမွန်မှုရှိနေတဲ့အခြေအနေတွေ၊ ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက် အစည်း အဝေး ကနေတစ်ဆင့် အဖွဲ့ဝင်နိုင်ငံတွေအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုမြှင့်တင် ဆောင်ရွက်သွားနိုင် မယ့် အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်၊၊