မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အစွမ်းကုန် ပံ့ပိုးကူညီမှုတွေ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရသူ မစ္စ မော်နင်းက ပြောပါတယ်။ ဒီဇင်ဘာ ၁၀ ရက်က တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ AFP သတင်းဌာနရဲ့ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခဲ့တာပါ။

လက်ရှိမှာတော့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမြောက်ပိုင်း အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး ပဋိပက္ခ တွေနဲ့ မငြိမ်မသက်မှုတွေက မြန်မာနိုင်ငံမှာသာ ဖြစ်ပေါ်နေတာဖြစ်တယ်လို့ မစ္စ မော်နင်းက ပြောပါတယ်။အပစ်အခတ်ရပ်စဲရေးကို တတ်နိုင်သမျှ အမြန်ဆုံးဆောင်ရွက်ဖို့နဲ့ မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်နိုင်ငံရဲ့စီမံကိန်းတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ ဝန်ထမ်းတွေရဲ့လုံခြုံရေးကို ကာကွယ်ပေးဖို့အတွက် မြန်မာနိုင်ငံက သက်ဆိုင်ရာ အဖွဲ့ အစည်းတွေကို တရုတ်နိုင်ငံက တောင်းဆိုထားပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲတွေကိုလည်း ဆက်လက်အရှိန်မြှင့်ပြီး မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အစွမ်းကုန် ပံ့ပိုးကူညီမှုတွေ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း မစ္စ မော်နင်းက ပြောကြားခဲ့ပါတယ်။