မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်အဖြစ် ဒုတိယရဲချုပ်(၁) ရဲဗိုလ်ချုပ်ဝင်းဇော်မိုးကို ခန့်အပ်တာဝန်ပေးလိုက်တယ်လို့ ဩဂုတ် ၄ ရက်က ထုတ်ပြန်တဲ့ မြန်မာနိုင်ငံပြန်တမ်းမှာ ဖော်ပြထားပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်တာဝန်ကို ပူးတွဲတာဝန်ယူထားတဲ့ ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ကို စစ်ဘက်မူလတာဝန်တွေ ပြန်လည်ထမ်းဆောင်စေပြီးနောက် ရဲချုပ်အသစ်ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ဟာ ပြည်ထဲရေးဒုဝန်ကြီးနဲ့ ရဲချုပ်တာဝန်ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၁ ရက်က ခန့်အပ်တာဝန်ပေးခံခဲ့ရပြီးနောက် တစ်နှစ်ကျော်အကြာမှာ စစ်ဘက်မူလတာဝန်တွေ ပြန်လည်ထမ်းဆောင်စေတာလည်းဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်နေရာကို အပြောင်းအလဲလုပ်တာ အခုတစ်ကြိမ်နဲ့ဆိုရင် လေးကြိမ်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။