မြန်မာနိုင်ငံမှာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်သွားဖို စီစဉ်ဆောင်ရွက်နေတယ်လိုဘယ်လာရုစ် သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် နဲ့ ဇွန် ၂၇ ရက်က ဘယ်လာရုစ်သမ္မတ နန်းတော်မှာ တွေ့ဆုံ ဆွေးနွေးစဉ် ပြောပါတယ်။

မြန်မာ နဲ့ ဘယ်လာရုစ် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ လမ်းညွှန်ချက်မြေပုံ (Action Plan) ကို နည်းဗျူဟာ ၊ မဟာဗျူဟာ ကျကျ ရေးဆွဲ ဆောင်ရွက်သွားရမှာ ဖြစ်တယ်လိုလည်း ဘယ်လာရုစ် သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုက ပြောပါတယ်။

နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးမှာ နိုင်ငံရေး၊ ကျန်းမာရေး၊ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အခန်းကဏ္ဍတွေမှာ သာမက စီးပွားရေး ကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားဖို ဆန္ဒရှိတယ်လိုလည်း ဆိုပါတယ်။

အဲဒီနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြန်လည် ပြောကြားရာမှာ မြန်မာ နဲ့ ဘယ်လာ ရုစ် နှစ်နိုင်ငံအကြား နှစ်ဖက်ပူးပေါင်းဆောင်ရွက်မယ့် နယ်ပယ်ပေါင်းစုံ ရှိနေပြီး ဆက်လက်တိုးချဲ့ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို ပြောပါတယ်။

ဘယ်လာရုစ်နိုင်ငံကို ရောက်ရှိနေစဉ်အတွင်း စက်ရုံ၊ အလုပ်ရုံတွေကို သွားရောက်လေ့လာ ခဲ့ကာ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်နိုင်ဖို ဆွေးနွေးဆောင်ရွက်ခဲ့တယ်လို ဆိုပါတယ်။
တွေ့ဆုံပွဲ အပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် နဲ့ ဘယ်လာရုစ်နိုင်ငံ သမ္မတတိုဟာ စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေး ဖိုရမ်ကို တက်ရောက် လာတဲ့ ရုရှားသမ္မတ၊ ကာဇက်စတန် သမ္မတ ၊ ကာဂျစ်စတန်သမ္မတ၊ ဥရောပ-အာရှ စီးပွားရေး ကော်မရှင် ဘုတ်အဖွဲ ဥက္ကဋ္ဌ၊ EAEU Observers နိုင်ငံတွေ ဖြစ်တဲ့ ဥဇဘတ်ကစ္စတန်၊ ဖိတ်ကြားထားတဲ့ နိုင်ငံတွေ ဖြစ်တဲ့ မွန်ဂိုလီးယား၊ ယူအေအီး နိုင်ငံတွေက အစိုးရအဖွဲအကြီးအကဲ ကိုယ်စားလှယ်တွေ နဲ့အတူ နေ့လယ်စာ အတူတကွ သုံးဆောင်ခဲ့ကြပါတယ်။

နစက ဥက္ကဋ္ဌ နဲ့ ဘယ်လာရုစ်နိုင်ငံ သမ္မတတိုဟာ ပြီးခဲ့တဲ့ မတ်လ ၇ ရက်က ဘယ်လာရုစ်သမ္မတ နန်းတော်မှာ တွေ့ ဆုံဆွေးနွေးခဲ့ပြီး အခုအကြိမ်နဲ့ ဆို ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။