မြန်မာနိုင်ငံမှာ များပြားလာနေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလိုအပ်ချက်တွေကို အဆောတလျင်ဖြည့်ဆည်းဆောင်ရွက်ပေးဖို့လိုအပ်နေတယ်လို့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)ဥက္ကဋ္ဌမစ္စမာဂျင်နာစပေါ့ဂျာရစ်ကပြောပါတယ်။
စက်တင်ဘာ ၅ ရက်ကနေ ၉ ရက်အထိ မြန်မာနိုင်ငံခရီးစဉ်နဲ့ပတ်သက် လို့ ICRC ဥက္ကဋ္ဌမစ္စမာဂျင်နာစပေါ့ဂျာရစ်ရဲ့ပြောဆိုချက်ကို ICRC က စက်တင်ဘာ ၁၀ ရက်ရက်စွဲနဲ့ ထုတ်ပြန်ထားတာပါ။ ပဋိပက္ခဒဏ်ခံနေရတဲ့နေရာတွေမှာ ရပ်ရွာလူထုတွေဟာကျန်းမာရေးစောင့်ရှောက်မှုမိလ္လာစနစ်၊ သန့်ရှင်းတဲ့ရေ၊ အစားအစာနဲ့ နေထိုင်ဖို့ အမိုးအကာတွေရရှိနိုင်မှုမှာ ကြီးမားတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ခရီးစဉ်ပြီးဆုံးချိန်မှာတော့ ICRC ဥက္ကဋ္ဌဟာ နိုင်ငံတစ်ဝန်းရှိအကူအညီလိုအပ်နေတဲ့ အရပ်သားပြည်သူလူထုကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းတွေကို ပိုမိုသွားရောက်ပေးအပ်နိုင်ဖို့အတွက် တောင်းဆိုခဲ့တယ်လို့လည်းထုတ်ပြန်ချက်အရသိရပါတယ်။
မြန်မာနိုင်ငံခရီးစဉ်အတွင်း စက်တင်ဘာ ၉ ရက်ကတော့ ICRC ဥက္ကဋ္ဌဟာနစကဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သွားရောက်ဂါရဝပြုတွေ့ဆုံခဲပြီး မြန်မာနိုင်ငံမှာ အကူအညီလိုအပ်နေတဲ့ပြည်သူတွေလက်ဝယ်ကို လိုအပ်တဲ့ကူညီထောက်ပံ့မှုတွေ အမှန်တကယ်ရောက်ရှိစေရေးနဲ့ မသက်ဆိုင်တဲ့အဖွဲ့ အစည်းတွေဆီ မရောက်ရှိစေရေး သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်တဲ့ အခြေအနေတွေကိုဆွေးနွေးခဲ့ပါတယ်။