ဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံတွေအချင်းချင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး တည်ငြိမ်အေးချမ်းရေး လူမှုရေးဆိုင်ရာ လိုအပ်ချက်တွေနဲ့ ဆက်သွယ်ရေးဆိုင်ရာကဏ္ဍတွေ ပူးပေါင်းဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး နစကဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံတွေက အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲတွေ၊ ဘင်းမ်စတက်အတွင်းရေးမှူးချုပ်တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဇူလိုင် ၂၅ ရက်က နေပြည် တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး သံတမန်ဆောင် ဧည့်ခန်းမမှာ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
တွေ့ဆုံရာမှာတော့ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံတွေအကြား မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ အကြမ်းဖက်မှု နှိမ် နင်းရေး၊ လူကုန်ကူးမှု နဲ့ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်မှုအခြေအနေတွေနဲ့ အဖွဲ့ဝင်နိုင်ငံတွေ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။
ဒေသတွင်းနိုင်ငံတွေအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတွေကတစ်ဆင့် တွေ့ကြုံနေရတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်း ဆောင်ရွက်နိုင်မယ့် အခြေအနေတွေနဲ့ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် စတုတ္ထအကြမ်မြောက် ဘင်းမ်စတက် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲတွေ အစည်းအဝေးကို အောင်မြင်စွာ ကျင်းပနိုင်ရေး ကိစ္စ ရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးတိုးတက်ပြောင်းလဲလာမှု အခြေအနေတွေနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ အ ထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ရှိမှု အခြေအနေတွေကိုလည်း ဆွေးနွေး ခဲ့ကြပါတယ်။