ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့စစ်မှုထမ်းနည်းဥပဒေတွေကို ဇန်နဝါရီ ၂၃ ရက် ရက်စွဲနဲ့ ထုတ်ပြန် ကြေညာလိုက်တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ ပြည်သူ့စစ်မှုထမ်း နည်းဥပဒေမှာ အခန်း(၁၀)ခန်း၊ နည်းဥပဒေအပိုဒ်ပေါင်း ၅၉ ပိုဒ်၊ နောက်ဆက်တွဲပုံစံ ၁၂ ခုနဲ့ ဖော်ပြ ထားတယ်လို့ ဆိုပါတယ်။

အခန်း(၁)မှာ အမည်နဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ၊ အခန်း(၂)မှာ ပြည်သူ့စစ်မှုထမ်းဖို့ အသက်နဲ့ ကာလတွက် ချက်တာ၊ အခန်း(၃)မှာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့်ဖွဲ့စည်းတာနဲ့ လုပ်ငန်းတာဝန်တွေ၊ အခန်း(၄)မှာ စာရင်းပြုစုတာနဲ့ မှတ်ပုံတင်တာ၊ အခန်း(၅)မှာ ဆေးစစ်တာနဲ့ စစ်မှုထမ်းတာကနေ ကင်းလွတ် ခွင့်ပြုဖို့ဖြစ်စေ၊ စစ်မှုထမ်းရမယ့်ကာလအပိုင်းအခြားကို လျှော့ပေါ့ပေးဖို့ ဖြစ်စေ၊ သီးခြားဖော်ပြထားတဲ့ ကာလ အပိုင်းအခြားအထိ ရွှေ့ဆိုင်းဖို့ဖြစ်စေ လျှောက်ထားတာ၊ အခန်း(၆)မှာ အမိန့်စာဆင့်ခေါ်တာ၊ အခန်း (၇)မှာ ဆေးစစ်ဆေးရေးဘုတ်အဖွဲ့တွေ ဖွဲ့စည်းတာနဲ့ လုပ်ငန်းတာဝန်တွေ၊ အခန်း(၈)မှာ ပြည်သူ့စစ်မှုထမ်း တွေရဲ့ ခံစားခွင့်တွေ၊ အခန်း(၉)မှာ စစ်စည်းရုံးတာနဲ့ အခန်း(၁၀)မှာ အထွေထွေကိစ္စရပ်တွေ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

၂၀၁၀ ပြည့်နှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်ကစပြီး စတင် အာဏာတည်စေရမယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁)ကို ၂၀၂၄ ခုနှစ် ဧပြီလ ၈ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိအချိန် မှာတော့ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၉)ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်က ဖွင့်လှစ်ခဲ့ပြီး ဖြစ်ပါတယ်။