ဒီမိုကရေစီစနစ်ကို ကျင့်သုံးကာကွယ်နေပါတယ်ဆိုတဲ့ ပြည်ပနိုင်ငံတချို့ကလည်း ဒီမိုကရေစီစနစ်နဲ့ ဆန့်ကျင် ဘက်ဖြစ်တဲ့ လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်မှုတွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ အားပေး အားမြှောက် ပြုနေကြတယ်လို့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါ တယ်။
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၅ ရက်မှာကျရောက်တဲ့ (၇၃)နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားကို ပေးပို့တဲ့ နစကဥက္ကဋ္ဌရဲ့ သဝဏ်လွှာမှာ အခုလို ဖော်ပြထားတာပါ။အဲဒီပြည်ပနိုင်ငံတချို့ဟာ မိမိတို့နိုင်ငံကို သူတို့အလိုကျ ခြယ်လှယ်ချုပ်ကိုင်နိုင်ဖို့နဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို နှောင့်နှေးစေပြီး ဒီမိုကရေစီအမည်ခံ အာဏာရှင်စနစ်ကို အားပေးနေတယ်ဆိုတာကို သတိပြုစေလိုတယ်လို့လည်း ဖော်ပြထားပါတယ်။
နိုင်ငံတော်အစိုးရအနေနဲ့ လွတ်လပ်ပြီး တရားမျှတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပနိုင်ဖို့ လိုအပ်တဲ့ပြင်ဆင်မှုတွေကို ဆက်လက်ဆောင်ရွက်နေပြီး မဲဆန္ဒရှင်ပြည်သူတွေရဲ့ ဆန္ဒမှန်ကို ထုတ်ဖော်နိုင်တဲ့၊ လွတ်လပ်ပြီးတရားမျှတတဲ့ အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေ ပြုလုပ်ပေးသွားမယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သဝဏ်လွှာထဲမှာ ဖော်ပြထားပါတယ်။